Welcome to General Administration Department

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်း

နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားဖြစ်စဉ်ကို ပြန်လည် လေ့လာရာတွင် ကိုယ်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ရှိစဉ်အခါကတည်းက နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားသည် မှူးကြီးမတ်ရာ၊ သေနာပတိ၊ မြို့စား၊ နယ်စား၊ ရွာစားစသည်တို့ကို မဏ္ဍိုင်ပြု၍ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ထို့နောက် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့မှ မြန်မာနိုင်ငံကို သိမ်းယူခဲ့ပြီး ၄င်းတို့အလိုကျ ကိုလိုနီစနစ်အုပ်ချုပ်ရေးကို သွတ်သွင်းအုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်ကပင် အုပ်ချုပ်ရေးယန္တရားအား ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းများကို မဏ္ဍိုင်ပြု၍ လည်ပတ်စေခဲ့ရာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၊ အခွန်တော်ကောက်ခံရေး၊ စည်ပင်သာယာရေး၊ ဒေသဖွံဖြိုးရေးကိစ္စများကို အစိုးရအဆက်ဆက်က တာဝန်ပေးအပ်သည့် အတိုင်း ဆောင်ရွက်ခဲ့ရပါသည်။

[read more]

No front page content has been created yet.

နောက်ဆုံးရသတင်းများ

(၁၈-၉-၂၀၁၉) ရက်၊ (ဝ၉:၃၀) အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “လူငယ်နှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း”  ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ  ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ လူငယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာအကြောင်းသိကောင်းစရာများ၊ လူငယ်နှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဉပဒေများအကြောင်းကိုဆွေးနွေးခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
(၁၇-၉-၂၀၁၉) ရက်၊(၁၆:၃၀)အချိန်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ၊ ရွှေကြာပင်ရပ်ကွက်၊ အမှတ်(၂)ဓမ္မာရုံ၌ “ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ” အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ နေပြည်တော်မြို့တော်ဝန် (နေပြည်တော်ကောင်စီဉက္ကဋ္ဌ)ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားတွင် နေပြည်တော်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ လယ်ယာမြေ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးများနှင့် ဒေသ၏လိုအပ်ချက် များအား ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တာ်ကိုယ်စားလှယ်၊ ဒုတိယမြို့တော်ဝန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ဌာနမှ တာဝန်ခံများနှင့် ဒေသခံပြည်သူများ စုစုပေါင်း
(၁၇-၉-၂၀၁၉)ရက်နေ့၊ (၁၀:ဝ၀)အချိန်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော် ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့်လုပ်ငန်း ကော်မတီများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌှ ဒေါက်တာ မျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ကလေး အလုပ်သမားပပျောက်ရေး ဆိုင်ရာကော်မတီအောက်တွင် လုပ်ငန်းကော်မတီ(၈)ရပ် ဖွဲ့စည်းထားရှိမှုအခြေအနေကို လည်းကောင်း ၊ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများစတင်ဆောင်ရွက်နေမှုအခြေအနေကို လည်းကောင်း၊ ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းကောင်း ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အခမ်းအနား
(၁၇-၉-၂၀၁၉)ရက်နေ့၊ (၁၀:ဝ၀)အချိန်၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဘူမီဘွန်းရေကာတာ အစည်းအဝေး ခန်းမဆောင်၌ မြန်မာ-ထိုင်း တာ့ခ်-မြဝတီ(၈)ကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ တာ့ခ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးတွင် အလုပ်သမားများအားအတင်းအကြပ်ခိုင်းစေမှု ဆိုင်ရာနှင့်ပတ်သက်သောလူကုန်ကူးမှုဉပဒေ၊ လုပ်သားဆိုင်ရာ ဉပဒေလိုက်နာမှု၊ အတင်းအကြပ်ခိုင်းစေမှု၊ လူကုန်ကူးမှုဖြစ်မြောက်စေရန်အတွက် အတင်းအကြပ်လုပ်အား ခိုင်းစေမှုများနှင့် ပတ်သက်ပြီး ဉပဒေနှင့်အညီဆောင်ရွက်မှု၊ မြန်မာ -
(၁၇-၉-၂၀၁၉)ရက်နေ့၊ (၁၀:ဝ၀)အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရေကျော် ကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာ၌ ကိုရီးယားနိုင်ငံဆယ်မားအူးလ်အဖွဲ့၏ပံ့ပိုးမှုဖြင့် ဖောက်လုပ်သည့် မြန်မာ ဆယ်မားအူးလ်အွန်ဒုန်(ကျေးရွာသစ်လှုပ်ရှားမှု) စီမံကိန်းဖြင့်“အဝီစိတွင်း တူးဖော်ခြင်းနှင့်ကွန်ကရစ်လမ်းဖွင့်ပွဲ” အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဖဲကြိုးဖြတ်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ သက်ဆိုင်ရာ ဌာနတာဝန်ခံများ၊ ကိုရီးယားနိုင်ငံ ဆယ်မားအူးလ်အဖွဲ့ တာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား(၉၅)ဦး တက်ရောက်ခဲ့က