ကယ်ဆယ်ရေးပစ္စည်းလှူဒါန်းမှုအား လက်ခံရယူခြင်း

(၂၀-၈-၂၀၁၉) ရက်နေ့၊ (၁၀:ဝ၀) အချိန် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ စုပေါင်းရုံး၌ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် Telecom International Myanmar (Mon Branch)မှ လှူဒါန်းသော ဖိုက်ဘာလှေအသေး (၁၀)စီးအား အဆိုပါအဖွဲ့ မွန်ပြည်နယ်ဌာနခွဲတာဝန်ရှိသူက ပေးအပ်လှူဒါန်း ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိပါသည်။