ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအား ကြည့်ရှုစစ်ဆေး

(၂၄-၁၁-၂၀၂၁)ရက်၊ (ဝ၉၀ဝ)အချိန်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် (ပထမအကြိမ်)နှင့် တတိယအသုတ်(ဒုတိယအကြိမ်)အဖြစ် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။