ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်

(၃-၁၀-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့မဈေးနှင့် မင်းလမ်းမပေါ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ အဖြူရောင်လူငယ်ပရဟိအဖွဲ့များ စုစုပေါင်းအင်အား (၃၀)ဦးတို့နှင့်အတူ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးရောင်း/ ဝယ်ပြည်သူများ နေအိမ်မှအပြင်သို့ထွက်ခွာသည့်အချိန်တိုင်း၊ လူစည်ကားရာ နေရာများသို့ သွားလာသည့်အချိန်တိုင်း နှာခေါင်းစည်းများတပ်ကြရန်၊ လက်ဆေးရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သော ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို လိုက်နာရန်အသိပေးနှိုးဆော်ခဲ့ပြီး Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။