ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်ခြင်းနှင့် Mask များ အခမဲ့ပေးဝေနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

(၂၂-၉-၂၀၂၂)ရက်၊ (ဝ၈၃၀)အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ အဏ္ဏဝါရပ်ကွက်၊ မြို့မတံတားရှေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာမှ ဝန်ထမ်းများပူးပေါင်း၍ “ Coronavirus (Covid-19) ရောဂါ ကာကွယ်ရေး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ကြ” စာသားပါ ဗီနိုင်းပိုစတာများ ကိုင်ဆောင်လျက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်ခြင်းနှင့် Mask  အရေအတွက် (၃၀ဝ၀)ခုဖြင့် ဆိုင်ကယ်/ ဘေးတွဲယာဉ်များဖြင့် ဖြတ်သန်းသွားလာလျက် ရှိသည့် အများပြည်သူများအနက် Mask တပ်ဆင်သွားလာခြင်းမရှိသူများအား Mask များ အခမဲ့ ပေးဝေတပ်ဆင်ပေးနေမှုအခြေအနေများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချို(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။