ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် Mask Campaign ပြုလုပ်

(၂၀-၉-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ အမှတ်(၅)ရပ်ကွက်၊ မြို့မစည်ပင်သာယာဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် Mask Campaign ပြုလုပ်ခဲ့ရာ Mask (၈၀ဝ)ခု ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။