ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် Mask Campaign ပြုလုပ်

(၂၀-၉-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့်အတူ အမှတ်(၁)ရပ်ကွက်၊ စည်ပင်သာယာရုံး(နာရီစင်)အရှေ့ဘက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် Mask Campaign ပြုလုပ်ခဲ့ရာ Mask (၂၀ဝ၀)ခု ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။