ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးများပေးအပ်

(၂၂-၉-၂၀၂၂)ရက်၊ ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူ ဦးဆောင်၍ သက်ဆိုင်ရာ ရပ်ကျေးစာရေးဝန်ထမ်း၊ အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ကျိုင်းဟင်းရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၁)ဦးနှင့် အသက် (၂)နှစ်အောက် ကလေးငယ်(၈)ဦး၊ စုစုပေါင်း (၉)ဦးအား ထောက်ပံ့ကြေးများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။