ကွင်းဆင်းကြည့်ရှုစစ်ဆေး

(၅-၇-၂၀၂၀)ရက်၊ (၀၈:၃၀)အချိန် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် အတွင်းရှိ ​ရွှေစပါးကုမ္ပဏီမှ ​မြေရှားသတ္တုအကြီးစားရှာဖွေရေးစမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက် နိုင်စွမ်း​လေ့လာ​ရေးလုပ်ငန်း​ဆောင်ရွက်ခွင့်ပြုပါရန် အဆိုပြု​လျှောက်ထားလာ​သော လုပ်ကွက်(၂)ကွက်ရှိ မြေ​နေရာများဖြစ်​သော မိုး​ကောင်းအုပ်စု၊ ​တောင်နီရွာ၊ ရွှေ​ညောင်ဖူးအုပ်စု၊ ကျောက်ချပ်​ကျေးရွာ၊ တွင်းရွာ အုပ်စု၊ တောင်ဂွ​ကျေးရွာနှင့် ​ဖောင်း​တောအုပ်စု၊ ရေဖြူ​ကျေးရွာများသို့ မြို့နယ်အုပ်ချုပ်​ရေးမှူး၊ မြို့နယ် ​လယ်ယာ​မြေစီမံခန့်ခွဲ​ရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး၊ သက်ဆိုင်ရာ လက်ထောက်ဦးစီးမှူးနှင့် မြေတိုင်း စာရေးများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ​တောအုပ်နှင့်အဖွဲ့ဝင်များ၊ ဘူမိ​ဗေဒ​လေ့လာရေးနှင့် ဓါတ်သတ္တုရှာ​ဖွေ​ရေးဦးစီးဌာန ကွင်းဆင်းအခြေစိုက်စခန်း(မန္တလေး)မှ ဘူမိဗေဒအရာရှိနှင့် တာဝန်ရှိသူများ၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ မန်နေဂျာ၊ ရွှေစပါးကုမ္ပဏီမှ တာဝန်ခံအပါအဝင်နှစ်ဦး၊  သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာ​ရေးဝန်ထမ်းများပါဝင်သောအဖွဲ့သည် မြေပြင်တည်ရှိမှု အခြေအနေအား  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။