စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

(၆-၅-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး)က ပြည်ထောင်စုနှင့် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းစုစုပေါင်း (၈၅)ခု ဆောင်ရွက်မည်ဖြစ်ရာ မိမိဌာနအလိုက် သက်ဆိုင်ရာလုပ်ငန်း စီမံကိန်းများကို သတ်မှတ်ထားသည့်ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ပြန်လည်တင်ပြစေလိုကြောင်းပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။