စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

(၇-၅-၂၀၂၂)ရက်၊ (ဝ၇၀ဝ)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ၂၁ လမ်း၊ ၂၂ လမ်းနှင့်ဗိုလ်ရွဲလမ်းထိပ်(အနော်ရထာလမ်းတစ်လျှောက်) သန့်ရှင်းသာယာလှပစေရေးအတွက်  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။