ဆေးလိပ်ငွေ့ကင်းစင်ရေးစီမံချက် ချမှတ်အကောင်အထည်ဖော်ရေး အသိပညာပေး အခမ်းအနားကျင်းပ

(၆-၁၁-၂၀၁၉)ရက်၊ (၁၆:ဝ၀)အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် အ.လ.က(၁)၊ မြမာလာခန်းမ၌ “ဆေးလိပ်ငွေ့ကင်းစင်ရေးစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ရေး အသိပညာပေး” အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန်းထွန်း၊ ရပ်မိရပ်ဖများနှင့် ဆေးလိပ်ကင်းစင်ရေး ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းရှင်/ တာဝန်ခံများ စုစုပေါင်းအင်အား(၁၀၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။