နေကြာသီးနှံ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် စံပြ (၁၀)ဧက စိုက်ပျိုးနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

(၂၂-၉-၂၀၂၂)ရက်၊ (၁၁၄၀)အချိန်၊ ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ်၊ ဗျိုင်းနား ကျေးရွာတွင် နေကြာသီးနှံ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် စံပြ (၁၀)ဧက စိုက်ပျိုးနေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။