ပရဟိတအဖွဲ့အစည်းများအား ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်

(၁၄-၁၀-၂၀၂၁)ရက်၊ (၁၀:ဝ၀)အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊   မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း    မူကြိုကျောင်း၌ ပရဟိတအဖွဲ့အစည်း များအား ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ တာဝန်ရှိသူများမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း(မြို့နယ်အုပ်ချုပ်ရေးမှူး) နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။