ပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေးဆောင်ရွက်မှု

၉.၇.၂၀၂၀ ရက်နေ့ ၁၀ဝ၀ အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းမကြီးအနီးရှိ အထက(၇)အခြေခံပညာအထက်တန်းကျောင်း၌ ၁၅.၇.၂၀၂၀ ရက်နေ့မှ ၂၂.၇.၂၀၂၀ ရက်နေ့ထိ ကျင်းပမည့် ပါဠိပထမပြန်စာမေးပွဲကျင်းပဖြေဆိုရန် ဆောင်ရွက်နေမှုသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးလင်းဦးပါ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စုစုပေါင်း အင်အား(၂၅)ဦးတို့ဖြင့် Covid-19 ကာကွယ်ရန် ဆေးဖြန်းခြင်း၊ သန့်ရှင်ရေးဆောင်ရွက်ခြင်းစသည့် ကိစ္စရပ်များ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကွင်းဆင်းဆောင်ရွက်မှုသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယဦးစီးမှူးများ လိုက်ပါ ဆောင်ရွက်ခဲ့ကြောင်း သတင်းတင်ပြအပ်ပါသည်။