ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကျင်းပ

(၂၀-၈-၂၀၁၉) ရက်နေ့၊ (၁၃:ဝ၀)အချိန် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊  ဇဝနဒီပရပ်ကွက်၊ အထက(၁၃)ကျောင်း၊ စုဝေးသဘင်ခန်းမ၌ "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး၊ မူးယစ်တပ်ဖွဲ့စု(၁၀၁)မှ ရဲမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ၊ မြို့နယ်ဥပဒေအရာရှိ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ကျောင်းသား/ သူများမှ သိလိုသည့် အကြောင်းအရာများ မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။