ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်း

(၂၄-၁-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ရွှေဘုံသာဘုန်းတော်ကြီးကျောင်းတိုက်၌ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ လစဉ် ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်တော်လှူဒါန်းရေးအစီအစဉ်အရ ရွှေဘုံသာကျောင်းတိုက် ဆရာတော်ထံသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနမှဝန်ထမ်းများနှင့်အတူ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။