မြေငှားဂရန်လျှောက်ထားလာမှုများအား ကွင်းဆင်းစစ်ဆေး

(၂၁-၈-၂၀၁၉) ရက်နေ့၊ (၁၃:ဝ၀) အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအုပ်စု၊ မိတ္ထီလာ- တောင်ကြီး ကားလမ်းမဘေးရှိ မြေနေရာအား Blue Diamond Cement ကုမ္ပဏီမှ မြေငှားဂရန်လျှောက်ထား လာမှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကုမ္ပဏီတာဝန်ခံများနှင့် တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ မြေငှားဂရန်ချထားပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။