မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၁-၉-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စိစစ်ခြင်း နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့နှင့် မြေပြင် လူဦးရေစာရင်းမှန်ကန်ရေးကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်းခြင်း၊ စာရင်းစစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။