မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၁-၉-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် အိမ်ထောင်စုနှင့်မြေပြင်နေထိုင်မှု လူဦးရေစာရင်းကိုက်ညီစေရေးအတွက် တိုက်ဆိုင်စစ်ဆေး၍ ပယ်ဖျက်/ ပြင်ဆင်/ ဖြည့်စွက်ခြင်းများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ စုစုပေါင်းအင်အား (၆၅)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။