လဘေေးသငျ့အိမျထောငျစုမြားအား ထောကျပံ့ငှမြေားပေးအပျ

(၁၀-၇-၂၀၂၀)ရက်၊ (၁၅:၀၀)အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်  မူးသာကျေးရွာရှိ ပြိုကျနေအိမ် (၁) လုံး၊ သရက်ပင်စုကျေးရွာရှိ အမိုးလန် နေအိမ် (၁)လုံးနှင့်  အိမ်ထောင်စု(၂) စုမှ လူဦးရေ (၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀ဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၀,၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၈၈,၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့ကို ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ထံ ပေးအပ်ခဲ့ပြီး ဆက်လက်၍ လေဘေးသင့်ပြည်သူများထံ ထပ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။