လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

(၂၅-၁၁-၂၀၂၁)ရက်၊ (၁၂၀ဝ)အချိန်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်လူဦးရေစာရင်း၊ အိမ်ထောင်စုဇယား(၆၆/၆)များ တိုက်ဆိုင်စစ်ဆေးနိုင်ရန်၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများရယူတိုက်ဆိုင်စစ်ဆေးရန်၊ နောင်လာမည့် ရွေးကောက်ပွဲတွင် အသက်ပြည့်လာမည့်မဲဆန္ဒရှင်များအား ထပ်မံဖြည့်စွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား တွဲဖက်တာဝန်ချထားနိုင်ရန်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။