လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၁၇-၅-၂၀၂၂)ရက်၊ (ဝ၉၃၀)အချိန်၊ မွန်ပြည်နယ်၊ သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍  ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင် (ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး) သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။