ဝန်ထမ်းသား/ သမီးများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

(၂၁-၉-၂၀၂၂)ရက်၊ (၁၆၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ သား/ သမီးများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် ဂုဏ်ပြုအမှာစကား ပြောကြားခြင်းနှင့်  မြို့နယ်စည်းရုံးရေးနှင့် စည်းကမ်းထိန်သိမ်းရေးကော်မတီဥက္ကဋ္ဌနှင့်အတူ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/ သူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။