သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့်နေအိမ်များအား ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေး ခတ်ခြင်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

(၂၆-၉-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားနေသည့် နေအိမ်များအား ခြင်းဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေ(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။