အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသူ/ ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင်ထားသည့်နေရာသို့ ကွင်းဆင်းစစ်ဆေး

(၁၄-၁၀-၂၀၂၁)ရက်၊ (၁၀:ဝ၀)အချိန်၊ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကွတ်ခိုင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညွန့်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ်(၂)ရပ်ကွက်၊ အထက(မြို့မ) ကျောင်း၌ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသူ/ သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင်ထားသည့်နေရာသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ  ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။