အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်

(၁-၇-၂၀၂၀)ရက်၊ (၁၀:ဝ၀)အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်း မြို့နယ်တွင် နိုင်ငံတော်မှပထမအကြိမ် စားသောက်ကုန်များထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့သော ကျောင်းတိုက်စု၊ မြို့မ၊ ဝါတိုး၊ ရွှေစည်းခုံ၊ အောင်မင်္ဂလာရပ်ကွက်များနှင့် သင်ပန်းကုန်း ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသည့်အခြေခံလူတန်းစား အိမ်ထောင်စု(၁၂,၂၈၃)စုအား အိမ်ထောင်စု (၁)စုလျှင် ထောက်ပံ့ငွေ(၁၅,ဝ၀ဝိ/-)ကျပ်ဖြင့် စုစုပေါင်းငွေကျပ်(၁,၈၄၂.၄၅)သိန်းအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအထိသွားရောက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။