အာမိုမြေဩဇာအိတ်များ အခမဲ့ထောက်ပံ့ပေးအပ်

(၂၅-၁၁-၂၀၂၁)ရက်၊ (၁၀ဝ၀)အချိန်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာထိပ်ရှိ အားကစားကွင်းအတွင်း၌ Good Neighbors Myanmar အဖွဲ့မှ လယ်ကျိုး၊ ရွာသစ်၊ ကျောက်ဖြူတောင်၊ မကြီးကုန်း၊ ညောင်လှ၊ မကြီးပင်ပု၊ ဘော်မြင့်၊ ချီစွတ်၊ ကြာအင်း၊ အင်းကြား၊ လွန်ချီ၊ ဝါးရှိကုန်း၊ ဝါးရှိချိုင့်ကျေးရွာများရှိ အသင်းဝင်စိုက်ပျိုးတောင်သူများအား အာမို ၁၅:၁၅:၁၅ (ပတ်လည်မြေဩဇာ)(၃၈၃)အိတ်အား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ရာ အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။