အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်လက်ရှိလူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

(၁၇-၅-၂၀၂၂)ရက်၊ (၁၀၃၀)အချိန်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မဲစာရင်းမှန်ကန်ရေးအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးမှုအခြေအနေများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်(၄) မှတ်တမ်းရေးသွင်းနေမှုများကို စနစ်တကျရှိစေရေး လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။