အောင်လံမြို့နယ်ရှိ Quarantine Centre များအလိုက် ဝင်ရောက်ကုသမှုခံယူခဲ့ကြသော Covid-19 Positive လူနာ (၉၄၅)ဦးတို့အား ကျွေးမွေးစရိတ်များ ပေးအပ်ပွဲကျင်းပ

(၁၄-၁၀-၂၀၂၁)ရက်၊ (၁၀:ဝ၀)အချိန်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁-၇-၂၀၂၁ မှ ၃၁-၇-၂၀၂၁)ရက်နေ့အထိ သက်ဆိုင်ရာ Quarantine Centre များအလိုက် ဝင်ရောက်ကုသမှုခံယူခဲ့ကြသော Covid-19 Positive လူနာ(၉၄၅)ဦးတို့အား ကျွေးမွေးစရိတ်များပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး Quarantine Centre များအလိုက်ဝင်ရောက်ကုသမှုခံယူခဲ့ကြသော Covid-19 Positive လူနာ(၉၄၅)ဦးတို့အား (၁)ရက်လျှင်(၄,၅၀ဝိ/-)ကျပ်နှုန်းဖြင့် တစ်ဦးလျှင်တစ်ပတ်စာအတွက်ကျွေးမွေးစရိတ်(၃၁,၅၀ဝိ/-)ကျပ် ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကပေးအပ်ခဲ့ပြီး အဆိုပါပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။