B.O.T စနစ်ဖြင့် တာဝန်ယူ‌ဆောင်ရွက်လျက်ရှိသောလမ်းများ ပြုပြင်နေမှုအခြေအနေအား ကွင်းဆင်း စစ်ဆေး

(၂၂-၉-၂၀၂၂)ရက်၊ (ဝ၉၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေမင်းရောင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ B.O.T စနစ်ဖြင့် တာဝန်ယူ‌ဆောင်ရွက်လျက်ရှိသော တောင်ကြီး-လွိုင်လင်-နမ့်စန်လမ်းပိုင်းရှိ လမ်းများပျက်စီးနေမှု၊ လမ်းပုခုံးများပျက်စီးနေမှု၊ လမ်းဘေး ဝဲ/ ယာရေနှုတ်မြောင်းနှင့် Box culvert များ ပိတ်ဆို့နေမှုအား ပြုပြင်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။