Box Culvert (၁)စင်းတည်ဆောက်ခြင်း၊ Water Gate Valve များလဲလှယ်ခြင်းနှင့် ကျောက်ရိုးစီ မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

(၃-၁၀-၂၀၂၂)ရက်၊ (ဝ၉၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၄.၂၈၁)သန်းဖြင့် ပင်လုံမြို့၊ ကျောက်တိုင် လမ်း၌ Box Culvert (၁)စင်းတည်ဆောက်ခြင်း၊ ရန်ပုံငွေကျပ် (၁.၁၀)သန်းဖြင့် မြို့တွင်း Water Gate Valve များလဲလှယ်ခြင်းနှင့် ရန်ပုံငွေကျပ် (၄.ဝ၀)သန်းဖြင့် နောင်ပလူးကန်တွင် ကျောက်ရိုးစီ မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းများ (၁၀ဝ%)ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။