Quarantine Center များအတွက် Sky Net စက်များ လှူဒါန်း

(၁၀-၇-၂၀၂၀)ရက်၊ ( ၁၅:၀၀)အချိန်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရုံးအမှတ် (၄၁)၊  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ နေပြည်တော်၌ Quarantine Center များတွင် ပြည်တွင်း၊ ပြည်ပသတင်းများနှင့် Sky Net ရုပ်သံအစီအစဉ်များကို အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ Sky Net စက်နှင့် အနီရောင် Package (၆)လစာဖြင့် Installation ပြုလုပ်ပြီးသော တန်ဖိုးငွေ (၆,၇၀၅)သိန်းရှိ စက်အစုံ(၄၅၀၀)အား   ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်မှ လှူဒါန်းသည့် အခမ်းအနား ပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းမှ လက်ခံခဲ့ပြီးနောက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့်အခန်းကဏ္ဍမှ တတ်စွမ်းသမျှ အကျိုးပြုပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ Sky Net စက်များအား နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ Quarantine Center များ၌ Center အလိုက် အသုံးပြုနိုင်မည့် လူဦးရေအပေါ်မူတည်၍ ခွဲဝေတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။