RC (၁)ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း (၃၅%) ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်း စစ်ဆေး

(၈-၈-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ လကတ် ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ(၇၅.၄၅)သန်းဖြင့် တော်ဝင်မိုင်းဖြတ်နဂါးကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် (၆၀'x၃၀') RC(၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း (၃၅%)ဆောင်ရွက် ပြီးစီးမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။