နေ့စဉ်သတင်း

.

(၁၄-၁၁-၂၀၂၂)ရက်၊ (ဝ၆၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့မဈေးရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း Mask တပ်ဆင်ရေး ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများဖြင့် လိုက်နာနေထိုင်နိုင်ရန်ရည်ရွယ်၍ Mask Campaign ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၅-၁၁-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မကွေးမြို့၊ အောင်မြေရတနာစာသင်တိုက်ရှိ သံဃာတော် (၁၈၀)ပါးအတွက် ဆန်ကြာဇံများဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၄-၁၁-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဝင်များ၊ နည်းပညာတက္ကသိုလ် (ပင်လုံ)မှ ဒုတိယပါမောက္ခချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် (၁၉၉)သန်းဖြင့် လင်းမြတ်နိုင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လွိုင်လင်မြို့၊ နည်းပညာတက္ကသိုလ် (ပင်လုံ)တွင် (၁၇၀ဝ'x ၁၆' x ၈")ကွန်ကရစ်လမ်းခင်းခြင်း၊ ((၆" x ၉") ကျောက်စီရေမြောင်းအပါ)နှင့် (၃)ထပ်စာသင်ဆောင်၊ ဝန်ထမ်
(၁၂-၁၁-၂၀၂၂)ရက်၊ (ဝ၇၀ဝ)အချိန်၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ (အ.ထ.က-၄)ကျောင်းရှေ့နှင့် ကျောင်းပတ်ဝန်းကျင်အား ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်(ခရိုင်အုပ်ချုပ် ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၁-၁၁-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ နယ်မြေ(၉)၊ နတ်ရေကန်သောဘိတာရာမ ပရိယတ္တိစာသင်တိုက်၌ ကံဘုန်းရှင်ရွှေအိုးကြီး စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့်ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာတင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ရွှေထီးတော်တင်လှူပူဇော်ပြီး လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းရေစက်ချ အမျှပေးဝေခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊  ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၀-၁၁-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ မြို့မအမှတ်(၂)ရပ်ကွက်ဈေးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ပွဲပြုလုပ်ခဲ့ရာလက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း (မြို့နယ် အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြု့နယ်မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၁-၁၁-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကော်ဖီရာသီတိုးချဲ့စိုက်ပျိုးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ ကြပြီး အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး(မြို့နယ်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၀-၁၁-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့စက်မှုဇုန် အစည်းအဝေးခန်းမ၌ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး(ခရိုင်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ စက်မှုလုပ်ငန်းရှင်များ၊ ဟိုတယ်/ မိုတယ်လုပ်ငန်းရှင်များ၊ ယက္ကန်းလုပ်ငန်းရှင်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၈-၁၁-၂၀၂၂)ရက်၊ (ဝ၉၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ သီရိမင်္ဂလာမြို့လည်ဓမ္မာရုံတွင် ဈေးတန်းရပ်ကွက် ဝတ်ရွတ်အဖွဲ့မှ ပြည်သူ လူထုများ ကပ်ကြီးသုံးပါးဆိုက်ရောက်မှုမှကင်းဝေးစေရန်နှင့် ဘေးအန္တရာယ်အပေါင်းကင်းရှင်းစေရန် အတွက် နေ့ရက်အလိုက် ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းသက်နိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၇-၁၁-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌  (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုး(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Pages