နေ့စဉ်သတင်း

.

(၃၁-၁၀-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)မှ တက်ရောက်အမှာ စကားပြောကြားခြင်းနှင့် ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်း တာဝန်များကို ရှင်းလင်းဆွေးခဲ့ကြပြီးအဆိုပါအခမ်းအနားသို့ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊
(၃၁-၁၀-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာအစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် စုပေါင်းမဟာဘုံကထိန်ကျင်းပနိ်ုငရေးကိစ္စ၊ မြေပြင်လူဦးရေ စာရင်းဇယားများမှန်ကန်စေရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စီမံခန့်ခွဲရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုဆိုင်ရာကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေး
(၃၁-၁၀-၂၀၂၂)ရက်၊ (ဝ၇၀ဝ)အချိန်၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ လှာကမြင် ကျေးရွာအုပ်စု၊ လှာကမြင်ကွက်သစ်၌ (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လှာကမြင်ပန်းခြံဖွင့်လှစ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးမှ လိုက်ပါတက်ရောက် ၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၂၉-၁၀-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အထက(၂)ကျောင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား(၂၀ဝ)ဦးဖြင့် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်နေမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိ်ုငရာတာဝန်ရှိသူများနှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၂၉-၁၀-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ရွှေစာရံ စေတီတော်မြတ်ကြီး ဘုရားရင်ပြင်တော်၌ ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၉၀)ဦးဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေအား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၃၀-၁၀-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ လိပ်အင်း ရပ်ကွက်၊ နန္ဒဝန်ကျောင်းတိုက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁/ ၂၀၂၂) ဖြင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇနှင့်အဂ္ဂမဟာအင်္ဂလ ဓမ္မဇောတိကဓဇဘွဲ့ အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များ၊ ဒါယိကာ/ ဒါယိကာမများ စုစုပေါင်းအင်အား (၃၂၀)ဦး တက်ရောက်ခဲ့ကြောင်း သ
(၂၂-၁၀-၂၀၂၂)ရက်၊ (၁၁၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်း(မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့်အတူ ရပ်ကွက် (၂၊ ၄)တို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ပါရှိသည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မြေပြင်လူဦးရေစာရင်းများမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်း၊ ပြင်ဆင်/ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
(၂၁-၁၀-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ကျွန်းသာယာခန်းမ၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။                   
(၁၉-၁၀-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ မိုင်းပန်မြို့နယ်၊ မိုင်းပန်မြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံမှုမရှိစေရေးအတွက် လျာထားမဲရုံတည်နေရာများသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင
(၂၀-၁၀-၂၀၂၂)ရက်၊ (ဝ၈၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ လွိုင်လင် အရှေ့ကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာရှိ အိမ်ခြေ (၁၀၇)၊ အိမ်ထောင်စု (၁၂၆)၊ လူဦးရေ (၆၃၂)ဦး အတွက် နွေရာသီသောက်သုံးရေရှားပါးမှုမရှိစေရေးအတွက် ကျေးရွာရှိ ရေအရင်းအမြစ်များဖြစ်သည့် ရေတွင်း/ ရေကန်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Pages