နေ့စဉ်သတင်း

.

(၂၀-၁၀-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ (၃)ထပ်ဆောင်အစည်းအဝေးခန်းမ၌ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် စည်းရုံးရေးကော်မတီ အဖွဲ့ဝင် ဦးသိန်းဇော်(ညွှန်ကြားရေးမှူး)က အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအကူ (၄)ဦးတို့မှ “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာ အခန်းကဏ္ဍမြှင့်တင်ဆောင်ရွက်စို့”၊ “ခြိုးခြံချွေတာ စိတ်ချမ်းသာ”၊ “တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါသတိပြုစေလို”၊ “စားသုံးဆီနှင့် စက်သုံးဆီ ချွေတာကြမယ်ဆိုရင်” စသည့် ခေါင်းစဉ် (၄)မျို
(၁၉-၁၀-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းယန်းမြို့(အထက)ကျောင်းအစည်းအဝေးခန်းမ၌ ကျောင်းသား/ သူ များအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချ်ုပရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်(ခရိုင်အုပ်ချုပ်ရေးမှူး)မှ  ပန်းခင်းစီမံချက်အဆင့် (၂)အရ ဆောင်ရွက်ပေးခဲ့သည့် ကျောင်းသား/ သူ (၄၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ကျောင်းသား/ သူများ တက်ရ
(၁၉-၁၀-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချ်ုပရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူး(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် (၁၅)ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မိမိတို့တည်းခိုခန်းများ၏ ဧည့်ဝင်ရောက်ထွက်ခွာမှုများအား နေ့စဉ်စာရင်းတင်ပြရန်၊ ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန်၊ လုံခြုံရေးအ
(၁၉-၁၀-၂၀၂၂)ရက်၊ (ဝ၇၀ဝ)အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန်ကုန်သည်အသင်း၊ ဆီကုန်သည်အသင်းတို့နှင့်အတူ မြိတ်တောင်ရပ်ကွက်၊ မြို့သစ် (၅)ရပ်၊ ရတနာသီရိလမ်း၌ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ငါး၊ စားကုန် (၅)မျိုးအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ရာ ဈေးဝယ်လာရောက်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် Mask များ ဖြန့်ဝေခြင်း၊ Mask Campaign ပြုလုပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခ
(၁၈-၁၀-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် ရပ်ကွက်/ ကျေးရွာ အုပ်စုအတွင်း အမှန်တကယ်နေထိုင်သူများစာရင်း မှန်ကန်စေရေးအတွက် တိုက်ဆိုင်စစ်ဆေး ခြင်းများ ဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၈-၁၀-၂၀၂၂)ရက်၊ (ဝ၉၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအ်ုပချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်/ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချ်ုပရေးအဖွဲ့ဝင်များ၊ မေလမင်းအိမ်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်/ ပြည်ထောင်စု ရန်ပုံငွေကျပ် (၉၄.၈၁၀)သန်းဖြင့် ဆေးသိုလှောင်ရုံ (၄၀၅၀)ပေ RCC (၁)ထပ်ဆောင်ဆောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၈-၁၀-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ခင်သည် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စည်ပင်သာယာ မြို့မဈေးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ ရက်လွန်ခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ပြုလုပ်ရသည့်အကြောင်းအရာများကို သရုပ်ပြသ ပေးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၈-၁၀-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ခရိုင်စီမံအ်ုပချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူး(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ မိမိနယ်မြေအလိုက် လုံခြုံရေးသတိရှိရန်၊ ထူးခြားမှုရှိပါက တာဝန်ရှိသူများအား သတင်းပေးပို့ရန်၊ ပုံမှန်သွားလာခြင်း များအား အထူးသတိထားရန်၊ ရပ်ကွက်/ ကျေးရွာများအတွင်း လောင်းကစားဝိုင်းများ မပြုလုပ်စေရေးနှင့် တွေ့ရှိပါက အုပ်ချုပ်ရေးမှူးများအနေဖြင့် သတ
(၁၇-၁၀-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သပြေခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၆-၁၀-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေ(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ခရိုင်ပြည်သူ့ဆေးရုံရှေ့ရှိ လမ်းမပေါ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Pages