နေ့စဉ်သတင်း

.

(၁၇-၁၀-၂၀၂၂)ရက်၊ (၁၀၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် အရှေ့ကျေးရွာအုပ်စု၊ ဟိုခိုက်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းဆောင်ဟောင်း ပြန်လည်ပြုပြင်နိုင်ရန်အတွက် ပြုပြင်ဆောင်ရွက်ရမည့်အခြေအနေများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်(မြို့နယ်အုပ်ချ်ုပရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။
(၁၇-၁၀-၂၀၂၂)ရက်နေ့၊ (ဝ၇၀ဝ)အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူ မြို့နယ်၊ မြို့တော်စည်ပင်သာယာခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဒေသခံပြည်သူအိမ်ထောင်စု (၂၀ဝ)အား တန်ဖိုးသင့်အခြေခံစားသောက်ကုန်များရောင်းချခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ ဈေးလာရောက်ဝယ်ယူသည့်ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထိုးနှံပေးနေမှုအား ကြီးကြပ်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိ
(၅-၁၀-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကောင်းနောင် ရပ်ကွက်၊ လူငယ်ဇရပ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သောအဖွဲ့ဖြင့် မြေပြင်လူဦးရေစာရင်း ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းလုပ်ငန်းများ မြေပြင် ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြေ
(၆-၁၀-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းခန်းမ၌ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကလေးငယ်များ၏ ဉာဏစွမ်းရည် ပြိုင်ပွဲအား ကြည့်ရှုအားပေးခြင်းနှင့် ဆုရရှိသည့်ကလေးငယ်များအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၅-၁၀-၂၀၂၂)ရက်၊ (၁၀၃၀)အချိန်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူး(ခရိုင်အုပ်ချုပ်ရေးမှူး)မှ ခရိုင် အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုများပြားလာသဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ ကာကွယ်ဆေး အကြိမ်ပြည့်နှင့် ထပ်ဆောင်းထိုးနှံခြင်းများ ထိုးနှံကြရန်၊ ခရီးသွားလာခြင်း၊ နယ်မြေကွင်းဆင်းခြင်းများ ဆောင်ရွက်ရသည့်အခါတွင်လည်း လုံခြုံရေးမပေါ့ဆရန်၊ ဌာနများ အလိုက်ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အချိန်မီပြီးစီးအော
(၅-၁၀-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပူးပေါင်းပြီးမဲရုံများနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၃-၁၀-၂၀၂၂)ရက်၊ (ဝ၉၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၄.၂၈၁)သန်းဖြင့် ပင်လုံမြို့၊ ကျောက်တိုင် လမ်း၌ Box Culvert (၁)စင်းတည်ဆောက်ခြင်း၊ ရန်ပုံငွေကျပ် (၁.၁၀)သန်းဖြင့် မြို့တွင်း Water Gate Valve များလဲလှယ်ခြင်းနှင့် ရန်ပုံ
(၃-၁၀-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့မဈေးနှင့် မင်းလမ်းမပေါ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ အဖြူရောင်လူငယ်ပရဟိအဖွဲ့များ စုစုပေါင်းအင်အား (၃၀)ဦးတို့နှင့်အတူ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးရောင်း/ ဝယ်ပြည်သူများ နေအိမ်မှအပြင်သို့ထွက်ခွာသည့်အချိန်တိုင်း၊ လူစည်ကားရာ နေရာများသို့ သွားလာသည့်အချိန်တိုင်း
(၃-၁၀-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်း၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် အထွေထွေကိစ္စရပ်များ‌ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၃-၁၀-၂၀၂၂)ရက်၊ (၁၄၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး(မြို့နယ်အုပ်ချုပ် ရေးမှူး)က မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့်နေထိုင်ကြရန်၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပေါင်းစပ်ပေးရမည့်လုပ်ငန်းများအား အချိန်မီတင်ပြကြရန

Pages