နေ့စဉ်သတင်း

.

(၁-၁၀-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မြို့အဝင် တိုးဂိတ်မှစတင်၍ မြို့တွင်းပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် မြို့ပတ်လမ်းတစ်လျှောက်၌ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း(မြို့နယ်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
(၁-၂၀-၂၀၂၂)ရက်၊ (ဝ၇၀ဝ)အချိန်၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ အ.ထ.က-ဂွ ကျောင်းခြံဝန်းအတွင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအခြေအနေများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်(မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 
(၂၉-၉-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃)ထပ်ဆောင်အစည်းအဝေးခန်းမ၌ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်သိမ်းရေးကော်မတီ ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် စည်းရုံးရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးမိုးထက်(ညွှန်ကြားရေးမှူး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ရုံးအကူဝန်ထမ်း (၄)ဦးတို့မှ “ကိုဗစ်-၁၉ ရောဂါ (အိုမီခရွန်မျိုးကွဲများ)ကို အံတုရင်ဆိုင် ဖြတ်ကျော်ကြပါစို့”၊ “ပတ်ဝန်းကျင်သန့်ရှင်း ဘေးဥပါဒ်ကင်း”၊ “ယဉ်ကျေးလိမ္မာ မျိုးမြန်မာ”၊ “လုံခြုံမှုများလွှမ်းခြုံနိုင်ရေး သတင်းပေါက်ကြားမှုကာကွယ်ပေ
(၂၈-၉-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့နှင့်အတူ မြေပြင်လူဦးရေစာရင်း မှန်ကန်စေရေး ပေါင်းစပ်ညှိနှိုင်းခြင်း၊ စာရင်းစစ်ဆေးခြင်းများကို ကြီးကြပ်စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
(၂၈-၉-၂၀၂၂)ရက်၊ (၁၃၀ဝ)အချိန်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြည်သူ့ဝန်ဆောင်မှုနှင့် အုပ်ချုပ်ရေးခေါင်းစဉ်ဖြင့် ဌာနတွင်းအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဦးသိုက်ဝေဖြိုးမှ ပြည်သူ့ဝန်ဆောင်မှုနှင့်အုပ်ချ်ုပရေးနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲသို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းနှင့် အရာထမ်းဝန်ထမ်းများ စုစုပေါင်းအင်အား (၃၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၂၇-၉-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရပ်ကွက်(၁)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲမှူးရုံးရှေ့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်ကယ်စီးဦးထုပ်၊ Mask များ၊ စတစ်ကာများဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း ကျင်းပပြုလုပ် ခဲ့ရာ ဆိုင်ကယ်စီးဦးထုပ် အလုံး(၅၀ဝ)လုံးအား အများပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၂၇-၉-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကောင်းဟော် ကျေးရွာအုပ်စု၊ နောင်အွန်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ Cash For Work စီမံကိန်းဖြင့် ခွင့်ပြုငွေကျပ် ၁၀ သန်းနှင့် ကျေးရွာပြည်သူလူထု ပူးပေါင်းဆောင်ရွက်သည့် နောင်အွန်ကျေးရွာကွန်ကရစ်လမ်း (၄၂၀×၁၂×၆ )ပေ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင်  ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်လင်း (ခေတ္တမြို့နယ်အုပ်ချုပ် ရေးမှူး)က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပ
(၂၆-၉-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာအစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ်လုံခြုံရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၂၆-၉-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားနေသည့် နေအိမ်များအား ခြင်းဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေ(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၂၂-၉-၂၀၂၂)ရက်၊ (၁၁၄၀)အချိန်၊ ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ်၊ ဗျိုင်းနား ကျေးရွာတွင် နေကြာသီးနှံ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် စံပြ (၁၀)ဧက စိုက်ပျိုးနေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Pages