နေ့စဉ်သတင်း

.

(၁၉-၉-၂၀၂၂)ရက်၊ (ဝ၇၀ဝ)အချိန်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မြို့မဈေးအနောက်ဘက်နှင့် နေပြည်တော်-မြို့သစ်-တောင်တွင်း-ကံပြားလမ်းဆုံတွင် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် Mask များ အခမဲ့ဖြန့်ဝေနေမှုအခြေ အနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၈-၉-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့၊ သုခိတာရုံ သာသနာပြု သီလရှင်ကျောင်းတိုက်၊ သိန်းရတနာဓမ္မာရုံ၌ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်း သည် ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်သည့် ဆရာတော်/ သံဃာတော်များနှင့် သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းတို့အား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ခေါက်ဆွဲခြောက် နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၆-၉-၂၀၂၂)ရက်၊ (ဝ၇၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ပြည်ထောင်စုလမ်းမကြီးတလျှောက်နှင့် စည်ပင် သာယာမြို့မဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၅-၉-၂၀၂၂)ရက်၊ (၁၁၃၀)အချိန်၊ ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဈေးတန်း(ကွက်သစ်)ရပ်ကွက်ရှိ သစ္စာလမ်း၌ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ (၉.၈၁)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်သည့် (၅၀ဝ' x ၁၂' x ၃') ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၅-၉-၂၀၂၂)ရက်၊ (ဝ၇၄၅)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ နောင်ဟူး-ဟိုတင့်လမ်း နောင်တောင်းရွာအနီးရှိ ကိုယ်ထူကိုယ်ထ သံကူကွန်ကရစ်တံတား (၂၅ x ၈)ပေ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ သားများ စုစုပေါင်းအင်အား (၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
(၁၅-၉-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်း၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ခရိုင်အတွင်းရှိမြေပြင်လူဦးရေစာရင်းများအား သက်ဆိုင်ရာဌာနများနှင့် တိုက်ဆိုင် စစ်ဆေး၍ ပယ်ဖျက်/ ပြင်ဆင်/ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ဆွေးနွေး ခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၅-၉-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းအောင်ထွေး ဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများနှင့်အတူ ကန်သာရပ်ကွက်၊ အောင်မြေရတနာစာသင်တိုက်ရှိ သံဃာတော် (၁၈၀)ပါးအတွက် ဆန်ကြာဇံနှင့် ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၄-၉-၂၀၂၂)ရက်၊ (၁၅၃၀)အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အမှတ် (၃)ရပ်ကွက်ရှိ ကံ့ကော်လမ်းနှင့် ကြားလမ်းများအား မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၃၀)ဦးခန့်ဖြင့် ခြင်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်နေမှုအခြေအနေများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသန်းထိုက်စိုး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
(၁၄-၉-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်အတွင်း လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၄-၉-၂၀၂၂)ရက်၊ (ဝ၉၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်(ကညန)ရုံး၌ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ရုံးဝန်းအုတ်တံတိုင်းတည်ဆောက်နေမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Pages