နေ့စဉ်သတင်း

.

(၁၄-၉-၂၀၂၂)ရက်၊ (၁၀၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးရုံးခန်း၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်သည် ခရိုင်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ထူးခြားဖြစ်စဉ်ဖြစ်ပွားမှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၂-၉-၂၀၂၂)ရက်၊ (ဝ၉၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ မြို့ဝင်ဆိုင်းဘုတ်အနီး၌ လူကုန်ကူးမှုတိုက်ဖျက်ရေးလှုံ့ဆော်မှုပိုစတာစိုက်ထူမှု အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားတွင် လွိုင်လင်တပ်နယ်မှူး၊ ဗိုလ်မှူးကြီး ဦးသန်းထွန်းအောင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး ဦးမြင့်စိုးတို့မှ ဖဲကြိုးဖြတ်၍ဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၁-၉-၂၀၂၂)ရက်၊ (ဝ၉၀ဝ)အချိန်၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ တူယှဉ်နွှဲပျော် ဂီတပွဲတော်နှင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပြည်နယ်အဆင့်၌ ဆုရရှိသူများအား ဂုဏ်ပြုပွဲကျင်းပခဲ့ရာ ဂုဏ်ပြုပွဲသို့ သထုံမြို့နယ် တပ်နယ်မှူး၊ တပ်ရင်းတပ်ဖွဲ့မှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း(ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ မိဘပြည်သူများနှင့် ပြိုင်ပွဲဆုရရှိသူများ စုစုပေါင်းအင်အား (၁၀ဝ)ဦးခန့်
(၉-၉-၂၀၂၂)ရက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက်၊ ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဆုရရှိသူ များအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၉-၉-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ပေါ်ရှိရေနုတ်မြောင်း များအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများတူးဖော်ခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်မှုအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၈-၉-၂၀၂၂)ရက်၊ (၁၀ဝ၀)အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာအစည်းအဝေးခန်းမ၌ မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥက္ကဋ္ဌ ဦးအောင်စန်းဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်အတွင်းသဘာဝဘေးဖြစ်ပွားမှုအမျိုးအစားအလိုက် စီမံဆောင်ရွက်မှု၊ ထောက်ပံ့မှုအခြေ အနေများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့်အညီ ဆက်လက်ဆောင်ရွက် သွားရမည့်ကိစ္စရပ်များ၊ ဌာနဆိုင်ရာများနှင့်လူမှုရေးအဖွဲ့အစည်းမ
(၈-၉-၂၀၂၂)ရက်၊ (ဝ၈၀ဝ)အချိန်၊ ရှမ်းပြည်နယ်၊ မိုးမိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်လာပါက စနစ်တကျထိန်းချုပ်ကုသနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း တပ်ဆင်ထားရှိသည့် အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုအခြေအနေနှင့် ကိုဗစ်-၁၉ လူနာကုသဆောင် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
(၈-၉-၂၀၂၂)ရက်၊ (၁၀၃၀)အချိန်၊ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ်(၂)ရပ်ကွက်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ အိမ်ထောင်စုလူဦးရေ စာရင်းများအား ဌာနဆိုင်ရာများပူးပေါင်း၍ Data Base ဖြည့်သွင်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၇-၉-၂၀၂၂)ရက်၊ (ဝ၉၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ဟိုခိုက် ကျေးရွာရှိ ဟိုခိုက်ရွာမှ ကုန်းပြတ်ကျေးရွာသို့ သွားလမ်းအရှည် (၆)ဖာလုံ၊ အကျယ် (၁၆)ပေ၊  ထု (၆)လက်မရှိ မြေသားလမ်းအား ကျောက်ချောလမ်းခင်းခြင်းဆောင်ရွက်နိုင်ရန်အတွက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၇-၉-၂၀၂၂)ရက်၊ (၁၁၁၅)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလမင်းအိမ်ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးစီး၍ဆောက်လုပ်သော မြို့နယ်ဆေးသိုလှောင်ရုံ (၅၀ x ၄၀)RCC (၁)ထပ်အဆောက်အဦဆောက်လုပ်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Pages