အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်ရှိ အလုံဈေးနှင့် ဆင်မင်း ရပ်ကွက်ရှိ ဆင်မင်းဈေး(သိပ္ပံဈေး)တို့တွင် မီးလောင်/မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေး လုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေ

၂၉-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်ရှိ အလုံဈေးနှင့် ဆင်မင်းရပ်ကွက်ရှိ ဆင်မင်းဈေး(သိပ္ပံဈေး) တို့တွင် မီးလောင်/မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဈေးသူ/ ဈေးသားများအား မီးဘေးအန္တရာယ်အသိပညာ‌ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မီးငြိမ်းသတ်‌ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပြည်သူ့ဆေးရုံကြီး၌ (၃၇)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

၂၉-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပြည်သူ့ဆေးရုံကြီး၌ (၃၇)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲအခမ်းအနားတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများရှိ အမှုထမ်းဝန်ထမ်း ကျား ၅ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၉ ဦးတို့မှ သွေးလှူဒါန်းနေမှုအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ လှည့်လည်ကြည့်ရှု၍ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းခန်းမ၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲအခမ်းအနား သို့တက်ရောက်

၂၉-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ် သည့်အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ သင်တန်းကျောင်းကျောင်းအုပ်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး တိုင်းမှူးက ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး နောက်သင်တန်းသူများ၏ စက်မှု၊ လက်မှုအနုပညာလက်ရာများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြောင်း သတင်းရရှိပါသည်၊၊

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း အား PSMS(Person Scrutinization and Monitoring System) စိစစ်စောင့်ကြည့်ခြင်းစနစ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

၂၉-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ အနော်ရထာ(၄)လမ်းရှိ နေအိမ်များအား မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်၏ ကြီးကြပ်မှုဖြင့် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အခြေပြု လုံခြုံရေးတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင် များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ ဧည့်စာရင်းစစ်ဆေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ လူပုဂ္ဂိုလ်တစ်ဦးချင်းအား PSMS(Person Scrutinization and Monitoring System) စိစစ်စောင့်ကြည့် ခြင်းစနစ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ မဉ္ဇူသကခန်းမ၌ နိုင်ငံတော်အဆင့်လူရည်ချွန်များနှင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသူများအား ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၈-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ မဉ္ဇူသကခန်းမ၌ ပညာရေးအထောက်အကူပြု ဖောင်ဒေးရှင်း(ကော့သောင်း)မှ ပြုလုပ်သည့် နိုင်ငံတော်အဆင့်လူရည်ချွန်များနှင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့်အတူ တက်ရောက်ခဲ့ပြီး ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်၍ Online လောင်းကစားမှုများနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် နိုင်ငံခြားသား ၁၅၁ ဦးတို့အား ပြည်နှင်လွှဲပြောင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်

၂၈-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် နံနက် ၁၁ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်၍ Online လောင်းကစားမှုများနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၁၅၀ ဦးနှင့် တောင်ကိုရီးယားနိုင်ငံသား ၁ ဦး တို့အား ပြည်နှင်လွှဲပြောင်းနိုင်ရေးအတွက် ၎င်းတို့၏ကိုယ်ရေးအချက်အလက်နှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ အရှေ့ပူယာစန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) မဲပေးစက်ကိုင်တွယ် အသုံးပြု ခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနားသို့ တတ်ရေ

၂၈-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေး ခရိုင်၊မောက်မယ်မြို့နယ်၊ဟိုနမ့်ကျေးရွာအုပ်စု၊ အရှေ့ပူယာစန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများမဲပေးရာ၌ လွယ်ကူ အဆင်ပြေစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)မဲပေးစက် ကိုင်တွယ်အသုံးပြု ခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများနှင့်အတူတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ ဟွေအောကျေးရွာအုပ်စု၊ ဟွေအောကျေးရွာအတွင်း ကျောက်ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင်လျှောက်ထားမှုအား ကွင်းဆင်းစစ်ဆေး

၂၇-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် နေ့လယ် ၂ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ ဟွေအောကျေးရွာအုပ်စု၊ ဟွေအောကျေးရွာအတွင်း ကျောက်ထုတ်လုပ်ခွင့်ရရှိစေရေး လုပ်ငန်းလိုင်စင် လျှောက်ထားမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်နှင့်အဖွဲ့ဝင်များသည် မြေပြင်အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ဆေးခန်း/ ဆေးရုံ များနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများအား တရားမဝင်ဖွင့်လှစ်ထားရှိမှု/မရှိစေရေး ကြည့်ရှုစစ်ဆေး

၂၇-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ဆေးခန်း/ဆေးရုံများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း များအား တရားမဝင်ဖွင့်လှစ်ထားရှိမှု မရှိစေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မောင်ဌေး ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူ ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ဆေးရုံများ၊ ဆေးခန်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် သင်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 77354

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR