Welcome to General Administration Department

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်း

နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားဖြစ်စဉ်ကို ပြန်လည် လေ့လာရာတွင် ကိုယ်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ရှိစဉ်အခါကတည်းက နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားသည် မှူးကြီးမတ်ရာ၊ သေနာပတိ၊ မြို့စား၊ နယ်စား၊ ရွာစားစသည်တို့ကို မဏ္ဍိုင်ပြု၍ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ထို့နောက် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့မှ မြန်မာနိုင်ငံကို သိမ်းယူခဲ့ပြီး ၄င်းတို့အလိုကျ ကိုလိုနီစနစ်အုပ်ချုပ်ရေးကို သွတ်သွင်းအုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်ကပင် အုပ်ချုပ်ရေးယန္တရားအား ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းများကို မဏ္ဍိုင်ပြု၍ လည်ပတ်စေခဲ့ရာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၊ အခွန်တော်ကောက်ခံရေး၊ စည်ပင်သာယာရေး၊ ဒေသဖွံဖြိုးရေးကိစ္စများကို အစိုးရအဆက်ဆက်က တာဝန်ပေးအပ်သည့် အတိုင်း ဆောင်ရွက်ခဲ့ရပါသည်။

[read more]

No front page content has been created yet.

နောက်ဆုံးရသတင်းများ

(၂၃-၉-၂၀၂၁)ရက်၊ (၁၂:ဝ၀)အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ (အထက)လှည်းကူးစာသင်ကျောင်း၌ အသက်(၆၅)နှစ်အထက် ဘိုး/ ဘွားများအား ဒုတိယအကြိမ် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 
(၂၃-၉-၂၀၂၁)ရက်၊ (၁၀:ဝ၀)အချိန်၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဌာဆိုင်ရာများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်း(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
(၂၃-၉-၂၀၂၁)ရက်၊ (၁၀:၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)၌ တည်ဆောက်လျှက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော (၂၀×၃၅)ပေ (၁၀ဝ)ဦးဆံ့ RC နှစ်ထပ်၊ (၆၀×၄၀)ပေ ထမင်းစားဆောင် တစ်ထပ်(၂)လုံး၊ ပြင်ပမီးသွယ်တန်းခြင်းလုပ်ငန်း၊ (၂၈၀ဝ×၆၀)ပေ သံပန်းတပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ (၁၂၀×၈၈×၂၇)ပေ Steel Structure ဘက်စုံသုံးအားကစားခန်းမ နှင့်အဝင်လမ်း၊ (၁၁၂×၁၅၀)ပေ ဖူဆယ်ဘောလုံးကွင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က
(၂၁-၉-၂၀၂၁)ရက်၊ (၁၀:ဝ၀)အချိန်၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၂၃-၉-၂၀၂၁)ရက်၊ (ဝ၉:ဝ၀)အချိန်၊ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နမ့်ခမ်းမြို့နယ်၊ ကောင်းကတ်ကျေးရွာအုပ်စုရှိ ကောင်းကတ်ကျေးရွာ၊ မောင်ရွဲကျေးရွာနှင့် မန်စပ်ကျေးရွာတို့မှ အသက်(၁၈)နှစ်အထက်ပြည့်ပြီးသောပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။