ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆိုင်ထိုင်စနစ်ပြန်လည် ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

(၂၅-၁၁-၂၀၂၀)ရက်၊ (၁၀:ဝ၀)အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ COVID-19 ကာလအတွင်း လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ရောင်းချ ခြင်းမပြုရန် ယာယီပိတ်ထားခဲ့ရာ ယင်းဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချနိုင်ရေးအတွက် မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ ပါဆယ်စနစ်ရောင်းချနေရာမှ ဆိုင်ထိုင်စနစ်ရောင်းချနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် ထိုသို့လမ်းညွှန်သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားရှိမှသာ ဆိုင်ထိုင်စနစ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးမှာကြား ခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။