ထောက်ပံ့ငွေပေးအပ်

(၂-၂-၂၀၂၁)ရက်၊ (၁၅:ဝ၀)အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်းဆောင်ရွက် ရမည့်လုပ်ငန်းများအား ဆွေးနွေးပြောကြားခြင်း၊ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၆၂၂)ဦးအား (၁)ဦးလျှင် ငွေကျပ်(၃၀,ဝ၀ဝိ/-)နှုန်းဖြင့်လည်းကောင်း၊ အသက်(၁၀ဝ)နှစ်နှင့်အထက် ဘိုးဘွား(၇)ဦးအား (၁)ဦးလျှင် ငွေကျပ်(၆၀ဝ၀ဝိ/-)နှုန်းဖြင့်လည်းကောင်း အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ (၃)လစာ အတွက် စုစုပေါင်းငွေကျပ်(၁၉၀.၈)သိန်းအား ထောက်ပံ့ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။