ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

(၁-၂-၂၀၂၁)ရက်၊ (ဝ၈:ဝ၀)အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်(၃၉၈)သန်းဖြင့်  Prime Aspect Engineering Co; ltd မှ တာဝန်ယူတည်ဆောက်မည့် အစိုးရနည်းပညာအထက်တန်းကျောင်း(မြင်းခြံ)၌ (၁၃၀'×၆၀')၊ RC(၂)ထပ် အလုပ်ရုံအဆောက်အဦဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့၊  လမ်းဦးစီး ဌာနတို့မှတာဝန်ရှိသူများ စုစုပေါင်းအင်အား(၇)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။