မြေငှားဂရန်လျှောက်ထားလာမှုများအပေါ် ကွင်းဆင်းစစ်ဆေး

(၂၁-၁-၂၀၂၁)ရက်၊ (၁၄:ဝ၀)အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ပေါက်ချောင်း၊ နန်းတော်ကုန်း၊ အောင်ဆန်း၊ ရတနာမာရ်အောင်၊ ပြည်သာယာ(တောင်)၊ ဝန်ဇင်းနှင့် ဈေးအရှေ့ပြင်ရပ်ကွက်တို့ရှိ မြေဧရိယာစုစုပေါင်း(ဝ.၆၄)ဧကတို့အား ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဂရန် အမည်ပြောင်းလျှောက်ထားလာမှုတို့အပေါ် ခရိုင်အုပ်ချုပ်ရေးမှူးသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။