လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၄-၁-၂၀၂၁)ရက်၊ (ဝ၉:ဝ၀)အချိန် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် ခဲ့ရာ အစည်းအဝေးတွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေးအတွက် ကြီးကြပ် ရေးမှူးရွေးချယ်ရန်ကိစ္စ၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်ထောက်ပံ့ ငွေများပေးအပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်ခဲ့သည့် ထပ်တိုးအိမ်ထောင်စုများအား ထပ်မံထောက်ပံ့ရန်ကိစ္စနှင့် COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေး အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ စာရင်းကောက်ယူရန်ကိစ္စတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၅၄)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။