လွိုင်လင်ခရိုင်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးနေမှုအား ကွင်းဆင်း စစ်ဆေး

(၁၃-၇-၂၀၂၁)ရက်၊ (၁၁:၃၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်စိုး၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနဦးစီးမှူး ဒေါ်နန်းမိုးမိုးသန်းတို့နှင့်အတူ လွိုင်လင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနတွင် ခရိုင်အတွင်းရှိမြို့နယ်များမှ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးနေမှုအခြေအနေ အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခရိုင်အတွင်းရှိမြို့နယ်များအနေဖြင့် မှတ်ပုံတင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင် ပေးရေးစီမံချက်အား (၁၂-၇-၂၀၂၁)ရက်နေ့မှ (၂၄-၈-၂၀၂၁)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိ ပါသည်။