COVID-19 ရောဂါကာကွယ်ရန်အတွက် Mask Campaign ပြုလုပ်

(၂၄-၁-၂၀၂၁)ရက်၊ (ဝ၉:ဝ၀)အချိန် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သီရိရတနာမြို့မဈေးအတွင်းနှင့် ဈေးအရှေ့လမ်းတို့ရှိ ဈေးရောင်း/ ဝယ်သူနှင့် လမ်းသွားလမ်းလာများအား Mask များတပ်ဆင်စေခြင်း၊ Mask များဖြန့်ဝေခြင်းနှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်သွားရန် အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။